Wednesday, May 7, 2008

ရင်တွင်းဖြစ်လေးများ

ချစ်သူ...........
ဘ၀ရဲ့ မနက်ဖြန်တိုင်း
လျှောက်လှမ်းမိတဲ့ ခြေလှမ်းတိုင်း
စဉ်းစားမိတဲ့ အတွေးတိုင်း
မက်ခဲ့ရတဲ့ အိမ်မက်တိုင်း
မင်းနဲ့ဝေးရာ ရှောက်ပြေးလို့လည်းမလွတ်နိုင်ပါလား။
ဝေးရခြင်းရဲ့ အပူချိန်အောက်မှာ
သတိရခြင်းတွေ လောင်မြှိုက်နေသလို
အလွမ်းဒီဂရီတွေလည်း မြင့်တက်ခဲ့ပါပြီ။
အလွမ်းနီဂုံး လွန်မြောက်တဲ့တနေ့
အနမ်းနီဒါန်းလေး ပျိုးခွင့်ရခဲ့ရင်လေ
ရင်ခွင်နန်းတော်လေးမှာ
နောက်တစ်ကြိမ်မဝေးအောင်
ချိတ်ပိတ်လှောင်ခတ်ပါတော့မယ်။

ဝင်းခေတ်

.

No comments: