Sunday, May 25, 2008

အနိုင်မယူသူရဲ့အရှုံး

  • အမှန်တရားကို ရှာနေတဲ့ ငါ့ပုံပြင် ..
    အားလုံးကရှောင်ကွင်းသွားတဲ့အခါ
    ငါ့ဝိဥာည်လည်းဝမ်းနည်းခဲ့တယ်။
    တိမ်ဆိုင်တွေလည်းတလိမ့်လိမ့် ရွေ့..
    ငါ့ကိုချစ်တယ်ပြောတဲ့ နင့်ကိုလည်းရှာမတွေ့
    မင်းသစ်စာမဲ့တယ်ဆိုတာတော့ သိလိုက်ပါပြီ ။
    ငါသေလုမျောပါးခံစားရတော့ မင်းပျော်လား
    မင်းအဲ့ဒီလို ဖြစ်စေချင်တာလား
    ဘာလို့များတရားခံဟာ မင်းဖြစ်နေရတာလဲ ။
    နင်မသိပေမယ့် ငါရှင်းမပြချင်ဘူး..
    နှလုံသားတစ်နေရာမှာတော့ သေနေပြီဆိုတာကိုပေါ့။
    စိတ်တွေလေထဲလွင့်ဝဲနေတဲ့ခဏ၊
    နောက်တနေ့အတွက်ပြင်ဆင်ခဲ့တယ်။
    ငါပြုံးနေတယ် ငါအဆင်ပြေပါတယ်
    ဘာမှမဖြစ်ပါဘူးလို အားတင်းပေမယ့်
    ဟန်ဆောင်နေတဲ့ ငါ့ကိုယ်ငါတော့မလိမ်နိုင်ခဲ့။
    ငါ့ရဲ့ယုံကြည်မှု ငါရဲအချစ်တွေ.
    ငါ့ရဲမျှော်လင့်ချက် ငါ့ရဲ့အိမ်မက်တွေ..
    ရင်ထဲကပြိုပျက်သွားတဲ့ အချစ်ဗိမ္မာန်
    တကယ်တန်းတော့ မင်းနိုင်ပါပြီ။
  • ဝင်းခေတ်

No comments: