Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, May 25, 2008

အနိုင်မယူသူရဲ့အရှုံး

  • အမှန်တရားကို ရှာနေတဲ့ ငါ့ပုံပြင် ..
    အားလုံးကရှောင်ကွင်းသွားတဲ့အခါ
    ငါ့ဝိဥာည်လည်းဝမ်းနည်းခဲ့တယ်။
    တိမ်ဆိုင်တွေလည်းတလိမ့်လိမ့် ရွေ့..
    ငါ့ကိုချစ်တယ်ပြောတဲ့ နင့်ကိုလည်းရှာမတွေ့
    မင်းသစ်စာမဲ့တယ်ဆိုတာတော့ သိလိုက်ပါပြီ ။
    ငါသေလုမျောပါးခံစားရတော့ မင်းပျော်လား
    မင်းအဲ့ဒီလို ဖြစ်စေချင်တာလား
    ဘာလို့များတရားခံဟာ မင်းဖြစ်နေရတာလဲ ။
    နင်မသိပေမယ့် ငါရှင်းမပြချင်ဘူး..
    နှလုံသားတစ်နေရာမှာတော့ သေနေပြီဆိုတာကိုပေါ့။
    စိတ်တွေလေထဲလွင့်ဝဲနေတဲ့ခဏ၊
    နောက်တနေ့အတွက်ပြင်ဆင်ခဲ့တယ်။
    ငါပြုံးနေတယ် ငါအဆင်ပြေပါတယ်
    ဘာမှမဖြစ်ပါဘူးလို အားတင်းပေမယ့်
    ဟန်ဆောင်နေတဲ့ ငါ့ကိုယ်ငါတော့မလိမ်နိုင်ခဲ့။
    ငါ့ရဲ့ယုံကြည်မှု ငါရဲအချစ်တွေ.
    ငါ့ရဲမျှော်လင့်ချက် ငါ့ရဲ့အိမ်မက်တွေ..
    ရင်ထဲကပြိုပျက်သွားတဲ့ အချစ်ဗိမ္မာန်
    တကယ်တန်းတော့ မင်းနိုင်ပါပြီ။
  • ဝင်းခေတ်

Saturday, May 24, 2008

စိုးရွံ့သူ

အဆင့်မတူ
အမြင့်သူကို
မျှော်ရမ်းမှန်းဆ
ပင်ပန်းလှ၍
အားငယ်စိုးထိတ်
မျိုသိပ်ကာပဲထားလိုက်ပါတော့မယ်။
.
.
အဆင့်ကွာလှမ်း
ပင်မြင့်မှာလန်း
တစ်ပွင့်သောပန်း
အမြဲလန်းဆန်းနေပါစေ။
.
.
ဝင်းခေတ်

Wednesday, May 21, 2008

ကိန္နရာရှုံးလောက်ပေ၏

မင်းမရှိရင် ပန်းမွေ့ယာလည်းမအိပ်ချင်ဘူး၊
မင်းမရှိရင် နတ်သုဓ္ဒါလည်းမစားချင်ဘူး၊
မင်းမရှိရင် ကောင်းကင်ပြာလည်းးမကြည့်ချင်ဘူး၊
မင်းမရှိရင် နိဗ်ဗာန်ကိုလည်းမသွားချင်ဘူး၊
မင်းမရှိရင် အသက်ပါအောင်မရယ်ချင်ဘူး၊
မင်းမရှိရင် ရွှေဘုံပေါ်လည်းမစံချင်ဘူး၊
မင်းမရှိရင် အသက်ရှည်အောင်မနေချင်ဘူး၊
မင်းမရှိရင်...မင်းမရှိရင်.....မင်းမရှိရင်လေ.............................
မင်းနဲ့ဝေးတဲ့ခဏလေးမှာ
လမ်းမမြင်တဲ့ခရီးသွားငါ
မင်းအကြောင်းစဉ်းစားမိစဉ်ခဏမှာပင်
ပြင်းအားကြီးတဲ့ရင်ခုန်သံစဉ် ..
ကိုယ့် အရှင်ရယ်..............
ဘာကြောင့်လဲ............
ဘယ်လောက်လဲ............
ဘယ်ထိလဲ...........
ဘယ်တော့လည်း...........
ဝေးရ ..ဆွေးရ ..လွမ်းရ တဲ့ကာလတာရှည်မှာ.......
ချစ်ရတရက် လွမ်းရက်တစ်ရာဘ၀မျိုးမကတော့ဘူးနော်..........

Wednesday, May 7, 2008

သတိရချိန် ၁၂ ရာသီ

.
နှင်းငွေ့ဝေလည်း လွမ်းလို့နေဆဲ
မိုးပေါက်ဖျန်းကျ တမ်းတနေရ
မြူမှုံကဲတော့ သတိရမိပေါ့။
မရင့်ကျက်တဲ့ နှလုံးသားမှာ
တင်းကျပ်စွာခံစားမိတဲ့ ဝေဒနာ
မိတ်ဆွေများရယ် ပြောပေးကြပါ
နှလုံးခုန်တိုင်း သတိရနေပါတယ်လို့ ...........


ဝင်းခေတ်



..

ဒါ...အချစ်လား

မိန်းကလေးရေ.........
တွေချင်လို့ချိန်တဲ့အခါ
မအားသေးလို့ပါတဲ့။
ချိန်းတွေ့ချိန်နောက်ကျတတ်တာ
အလုပ်များလို့ပါတဲ့။
ကောင်လေးမိတ်ဆွေများတယ်ဆိုတာ
ခင်မင်တတ်လို့ပါတဲ့။
ယောကျာ်းသူငယ်ချင်း မတွဲနဲ့ဆိုတော့
သ၀န်တိုတာမကြိုက်ပါတဲ့။
ရှောင်ရန်လေးများပြောမိတဲ့ခါ
ချုပ်ခြယ်တာမျိုးမုန်းပါတယ်တဲ့။
ယုတ်တိတန်တန်
လိမ်တဲ့ဟန်ဟာ မင်းအကျင့်လား။
နေရာသစ်တိုင်း
သာယာချင်တာ မင်းဝါသနာလား။
နှလုံးသားရဲ့မေးခွန်းလေးတွေ
မစဉ်စားဘဲ ဖြေပေးပါ...........
ရက်စက်တတ်တာ အချစ်လား..........
ဂရုမစိုက်တတ်တာ အချစ်လား.........
အလေးနက်မထားတာ အချစ်လား........



ဝင်းခေတ်

.

ရင်တွင်းဖြစ်လေးများ

ချစ်သူ...........
ဘ၀ရဲ့ မနက်ဖြန်တိုင်း
လျှောက်လှမ်းမိတဲ့ ခြေလှမ်းတိုင်း
စဉ်းစားမိတဲ့ အတွေးတိုင်း
မက်ခဲ့ရတဲ့ အိမ်မက်တိုင်း
မင်းနဲ့ဝေးရာ ရှောက်ပြေးလို့လည်းမလွတ်နိုင်ပါလား။
ဝေးရခြင်းရဲ့ အပူချိန်အောက်မှာ
သတိရခြင်းတွေ လောင်မြှိုက်နေသလို
အလွမ်းဒီဂရီတွေလည်း မြင့်တက်ခဲ့ပါပြီ။
အလွမ်းနီဂုံး လွန်မြောက်တဲ့တနေ့
အနမ်းနီဒါန်းလေး ပျိုးခွင့်ရခဲ့ရင်လေ
ရင်ခွင်နန်းတော်လေးမှာ
နောက်တစ်ကြိမ်မဝေးအောင်
ချိတ်ပိတ်လှောင်ခတ်ပါတော့မယ်။

ဝင်းခေတ်

.